ဆီးဖြူသီး များနှင့် မိန်းကလေးများ၏ အလှအပအကြောင်းသိကောင်းစရာ

Picture
 အမျိုးသမီးများအတွက် အလှအပတရားသည် အံ့မခန်းဖွယ် အရေးပါလွန်းလှပါသည်။ ခန္ဓာကိုယ် အချိုးအစားဆိုင်ရာ အလှအပ၊ အသားအရေကောင်းမွန်ခြင်း ၏အလှအပ၊ ဆံနွယ်များလှပခြင်း၏ အလှအပ၊ နောက်ဆုံးတစ်ခုကတော့ မျက်နှာပြင်ပေါ်က အလှအပဟူ၍ဖြစ်ပါတယ်။ အမျိုးသမီး များအတွက် အလှအပထိမ်းသိမ်းရာတွင် အစားအစာနှင့် နေထိုင်မှုပေါ်မူတည်၍ အများဆုံးပြောင်း လဲနိုင်ပါတယ်။ ဗီတာမင်များစွာပါဝင်သော အစားအစာများဖြင့် အသားအရေလှပမှုကိုလဲ ထိမ်းသိမ်းနိုင်မှာဖြစ်တဲ့အတွက် အခု ဆီးဖြူသီးများမှ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများအား ဖော်ပြလိုက်ပါတယ်။

ဆီးဖြူသီးမှာ အဓိက Vitamin C ဓါတ်ပါဝင်ပါတယ်။ Vitamin C ကြွယ်ဝသော အုပ်စုမှဆင်းသက်လာ သည့် ဆီးဖြူသီးစွမ်းရည်များမှာ အခြေခံကျသောကျန်းမာရေးဖြစ်သည့် ဇရာကျဆင်းခြင်းနှင့် ဆံပင်များ ကျွတ်ခြင်းမှကာကွယ်နိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်း အသည်းအားကောင်း စေခြင်း၊ ဦးနှောက် ပတ်သတ်၍ ခံစားချက်များရွှင်ပျစေခြင်း၊ အဆုတ်အတွက်လဲ အထူးအားအင်ဖြည့်ဆည်းနိုင်ခြင်း၊ urinary (ဆီးရောဂါနှင့် ပတ်သတ်၍ ကောင်းမွန်ခြင်း)၊ အမြင်ရုပ်သွင်အရ သွေးအားသန့်စင်ခြင်းကြောင့် များစွာသော ကျန်းမာရေးအတွက် အထောက်ကူပြုစေသော အသီးအနှံတစ်ခုပဲဖြစ်ပါတယ်။ ထို့ကြောင့် အသားအရေလှပကောင်းမွန်ခြင်းကို အထူးတလည်လုပ်ယူရန်မလိုအပ်ပဲ သာမာန်အားဖြင့် ပိုင်ဆိုင်စေနိုင်မှာ ဖြစ်ပါသည်။

အသားအရည်များပျက်စီးခြင်းမှာ ကျွန်ုပ်တို့ အသက်ရှုစဉ်ခဏအတွင်း အောက်ဆီဂျင်နှင့်ပေါင်းစပ် သည့် ဖြစ်စဉ်အချို့မှာ ပျက်စီးခြင်း၊ (သို့) ၊ အလုံလျောက်မရရှိခြင်း (ဥပမာ ရှုသွင်းချိန်နှင့်ရှုထုတ်ချိန်) စသည့်ဖြင့် အစီအစဉ်မလျော်ကန်ခြင်း ကြောင့် ခန္ဓာကိုယ်ရှိ တချို့သောဖြစ်စဉ်များမှာ antioxidant agent မှထောက်ပံ့ပေးနိုင်ခြင်းမရှိပဲ တစ်သျှူးများသေခြင်း၊ သို့ ပျက်စီးခြင်းဖြင့် အသားအရေခမ်းခြောက်ပျက်စီး စေခြင်းပင်ဖြစ်ပါသည်။ Toxin ဟုခေါ်သော သက်ရှိဇီဝမှထုတ်သည့် အဆိပ်ကြောင့် ပျက်စီးသွားသော cells များအား သန့်ရှင်းစေခြင်း၊ ထောက်ပံ့ကာကွယ်ပေးခြင်း၊ moisture (အစိုဓါတ်) ခန္ဓာကိုယ်အတွက်လိုအပ်သော ရေငွေ့အားဖြည့်ခြင်းအား Vitamin C အုပ်စုမှ လုပ်ဆောင်ပါသည်။ ဆီးဖြူသီးတွင်ပါဝင်သော Vitamin C မှာ အသားအရေတောက်ပမှု၊ တခါတရံ ဓါတုဆေးဝါးများကြောင့် အသားအရေတွင်းဖြစ်ပေါ်လာသော အစက်အပျောက်များ (ဥပမာ တင်းတိပ်၊ သို့ အနာရွတ်မှ အမာရွတ်ထင်ကျန်ရှိခြင်း) အားအထူးတလည် ကုသရန်မလိုအပ်ပဲသဘာဝ ဆေးဖက် အစာတစ်ခုဖြစ်ပါသည်။ အသားအရေအတွက် အတွင်းပိုင်းတစ်သျှူးများနှင့် အပြင်ပိုင်းအရေပြားကို အထူးကောင်းမွန်စေသော ဆီးဖြူသီး၏ ချဉ်ပြပြ အရသာလေးအား ခံစားရင်း သန့်ရှင်းကြည်လင်သော အသားအရေ ပိုင်ဆိုင်သူအဖြစ်ပြောင်းလဲကြပါစို့။.



 မျက်စိကြည်လင်စေတဲ့ ဆေးရည်

Picture
ဆီးဖြူသီး၏အပေါ်ယံအသားဖယ်ပြီး အတွင်းမှဆီးဖြူစေ့ကိုရယူပါ ။ ဆီးဖြူစေ့ ဆယ်စေ့ (၁၀) စေ့ခန့် ကို လေးစိတ် ကွဲယုံမျှထုထောင်းပြီး ရေသန့် မတ်ခွက် ၂ခွက်နှင့် ပွက်ပွက်ဆူမျှပြုတ်ကျို၍ တညလုံး အအေးခံထားပါ။ ယင်းပြုတ်ရည်ကို ရေစစ်နှင့် သုံးကြိမ် (၃) စစ်ယူပြီး မျက်စေ့ကို ဆေးကြောပေးပါ။ မျက်စိကို ပိုမိုကြည်လင်စေတဲ့ ဆီးဖြူသီးရဲ့အစွမ်းကတော့ မျက်လုံးအားအလုပ်လုပ်နေသူများအဖို့ ဆေးစွမ်းကောင်း တစ်လက်အဖြစ် လမ်းညွှန်လိုက်တယ်နော်။


  ပိုးသားလိုဆံနွယ်များအတွက် Super food (စွမ်းအင်ပြည့်သော)အစားအစာ ၆မျိုး

Picture
ကျွန်မတို့မိန်းမသားများအတွက် အလှအပထိမ်းသိမ်းရာမှာ ဆံမျှင်လေးများရဲ့တန်ဖိုးဟာ နံပါတ်တစ်လို့ ဆိုနိုင်ပါတယ်။ မိန်းမတို့ ဘုန်း ဆံထုံး ဟုရှေးယခင် မင်းများလက်ထက်ကတည်းက စာဆိုကျော်များက သတ်မှတ်ခဲ့ကြရာမှာ ယခုထိအသက်ဝင်ရှင်သန်နေဆဲ ဆောင်ပုဒ်လေးများပင် ဖြစ်ပါသည်။ Vitamin B, Vitamin A, Vitamin E, Iron ,Zinc , Folic Acid and Protein များပါဝင်သော အစားအစာများသည် ဆံနွယ်များလှပမှု အတွက် အဓိကအထောက်ကူပြုစေနိုင်သော အစားအစာများပင်ဖြစ်ပါသည်။ ထိုအစားအစာများအများဆုံးပါဝင်သည့် စွမ်းအင်ပြည့် အစားအစာ ခြောက်မျိုးကို စာဖတ်ချစ်သူ၊ အလှအပကြိုက်တတ်သူများအတွက် ရေးသားပေးလိုက်ပါတယ်။

၁။ ဒိန်ချဉ်  

          ဒိန်ချဉ်တွင် ကြွယ်ဝသောဗီတာမင်များမှာ ပရိုတင်း၊ ကယ်စီယမ်၊ Vitamin B ၊ Mineral သတ္တုများ၊ ထိုအရာများမှ ဆံပင်သားအတွက် လိုအပ်သော ရေဓါတ်၊ စိုစွတ်မှုနှင့် သန်စွမ်းခိုင်ခံ့မှုတို့ကို အားဖြည့်စေပါသည်။ ဘတ်တီးရီးများအားကြောင့်ဖြစ်သော ဆံသားမှိုစွဲကပ်ခြင်း (သို့) ဗောက်ထခြင်း၊ ဆံပင်သားကျွတ်လွယ်ခြင်းတို့ကိုလဲ ကာကွယ်စေနိုင်ပါသည်။ ထို့ကြောင့် ဒိန်ချဉ် (flavor) နှစ်သက်ရာ တမျိုးမျိုးအား live food (အပျင်းပြေစားခြင်းမှ) ခန္ဓာကိုယ်အတွက်လိုအပ်ချက်များကို ဖြည့်ဆည်းခြင်း တမျိုးပင်ဖြစ်ပါသည်။

၂။ Salmon (ဆော်မွန်ငါး)

          Salmon ငါးကြောင့်ရရှိနိုင်သော ဗီတာမင်များမှာZinc ဟုခေါ်သောသံဓါတ်၊ Omega 3 (Essential Fatty Acid) တို့ဖြစ်ပြီး ၄င်းတို့မှ ခန္ဓာကိုယ်အတွက် လှပသောအသားအရေနှင့် သန်မာစေသော ဆံသားများအား ရရှိစေနိုင်ပါသည်။ Omega 3 ဟုခေါ်သော ခန္ဓာကိုယ်မှထွက်သော အက်ဆစ်တမျိုးမှ ဆံပင်များရှင်သန်ခြင်းနှင့် ဆံပင်များကျွတ်ခြင်းမှကာကွယ်ပါသည်။ နောက်ထပ်ရနိုင်သော ဗီတာမင်မှာ Vitamin B3 အမျိုးအစား ဖြစ်သော Niacin ပဲဖြစ်ပြီး ဆံပင်ပါရှိသော ဦးရေပြားကို အားဖြည့်ပေးပါတယ်။ ဆော်မွန်ငါးရဲ့နောက်ထပ် အားဖြည့်ခြင်းတစ်ခုက အမဲသားကဲ့သို့ ဗီတာမင်အပြည့်အ၀ရှိစေသဖြင့် အမဲသားမစားသော မမလေးများအတွက် အသားအရေ စိုပြေခြင်းကို ဆော်မွန်ငါးမှရရှိစေနိုင်မှာဖြစ်ပါတယ်။

 ၃။ကြက်ဥ၏ အနှစ်

          ကြက်ဥအနှစ်ကတော့ ဗီတာမင် Vitamin B7 အုပ်စုဖြစ်တဲ့ Biotin ၊ Vitamin B5 အုပ်စုဖြစ်တဲ့ Pentatonic Acid ၊ Vitamin B6 အုပ်စုဝင် Pyridoxine ၊ Vitamin B12 အုပ်စုဝင် Cobalamin နှင့် ဗီတာမင် Vitamin A တို့ပါဝင်ပါတယ်။ ဆံပင်များအား ကြက်ဥနှစ်ဖြင့်ပေါင်းတင်ပါက မည်းနက်သန်စွမ်းစေပြီး ပျော့ပျောင်းစေတယ် လို့ရေးသားကြပါတယ်။ ထို့ကြောင့် အချိန်ကုန်ခံ ပေါင်းတင်မနေတော့ပဲ ကြက်ဥအနှစ်ကို ခပ်များများသာ စားလိုက်ကြစို့နော်။ ထို့ပြင်ကျိုးပဲ့ပျက်စီးခြင်း ဆံသားနှစ်ခွဖြစ်ခြင်းမှလဲကာကွယ်ပေးပါတယ်။

၎။Almond (သစ်စေ့တစ်ခုမှရသောအစေ့)

          ဗီတာမင် Vitamin A ၊ Vitamin E ၊ Vitamin B1, B2, B6 ကြွယ်ဝသော Almond သစ်စေ့သီးများဟာ စိမ့်သက်သက်အရသာရှိပြီး ဆံပင်သားများကိုလဲခိုင်မာစေပါတယ်။ ထို့ကြောင့် တီဗွီကြည့်ရင်းစားစား၊ ကျောင်းသွားရင်းပဲစားစား live food တစ်ခုအနေနဲ့ရွေးချယ်စေလိုကြောင်း။

၅။ Carrot (မုန်လာဥနီ)

          မုန်လာဥနီမှာ Vitamin A အကြွယ်ဝဆုံးဖြစ်ပြီး ဦးရေပြားနှင့် ဆံသားတောက်ပမှုအတွက် အဓိကအထောက်အပံ့တစ်ခုဖြစ်ပါတယ်။

၆။ Spinach (ဟင်းနုနွယ်ရွက်)   

          Vitamin C , Iron နှင့် Folic Acid ကြွယ်ဝသော ဟင်းနုနွယ်ရွက်မှ ဆံပင်များပျက်စီးခြင်းကို ကာကွယ်ပေးပြီး အသစ်ပြန်လည် မွေးဖွားခြင်းကိုလဲပြုလုပ် လုပ်ဆောင်ပါတယ်။ ထို့ကြောင့် သက်သက်လွတ်စားမယ်ဆိုရင်တော့ ဟင်းနုနွယ်ရွက်ကိုပဲအကြံပေးပါရစေ။ ဒါမှ ထိပ်ပြောင်သူများနဲ့ ဆံပင်ခပ်ထူထူလေးများလိုအပ်သော မမများအတွက် အကျိုးလဲရ သက်လဲသာတဲ့ ဟင်းနုနွယ်ရွက်ကို အလွယ်တကူ ၀ယ်ယူစားသုံးကြပါစို့လို့ ။


 How To Make-Up Pretty Face

Picture
အပြင်သွားဖို့အလှပြင်တော့မယ်ဆိုရင် မိတ်ကပ်ချယ်သကြမဲ့ မမများအတွက် တတ်သမျှသိသမျှ ရေးချထားပါတယ်။ အဆင့် ၉ ဆင့်ရှိပါတယ်။ မမများ၊ ညီမလေးများအတွက် သွားသွားလာလာ ဗျူတီဘာလာ သို့ပြေးစရာမလိုတော့ပဲ အချိန်ကုန်သက်သာစေရန် ရည်ရွယ် ရေးသားလိုက်ပါတယ
Step 1- Cleansing,Step -2 Foundation,Step -3 Concealer,Step 4 – Eye Shadow
Step 5 Applying Eye Liners,Step – 6 Applying Eye Mascara,Step 7 Applying Powder
Step 8- Applying Blush
,step -9 Applying lipstick


Step 1- Cleansing

          မျက်နှာအလှချယ်ကြတော့မယ်ဆိုရင် ပထမဦးဆုံးအဆင့်ကတော့ မျက်နှာဆေးကြောသန့် စင်ခြင်းပဲဖြစ်ပါတယ်။ မိန်းကလေးများအဖို့ အလှအပတခုအဖြစ် စတင်တွေ့မြင်နိုင်တဲ့ စာမျက်နှာက သူမရဲ့မျက်နှာလေးပဲဖြစ်ပါတယ်။ ၀ါဂွမ်းဖြူဖြူ ညက်ညက်ညောညော ရှင်းသန့်ကြည်လင်တဲ့ မျက်နှာလေး တစ်ခုဟာ ဘယ်နေရာဘယ်ကိုသွားသွား အသိအမှတ်တစ်ခုတော့ ပြုခံရစမြဲဖြစ်ပါတယ်။

          အခု အဆင့်တစ်မှာ မျက်နှာဘယ်လိုဆေးကြောသန့်စင်ရမလဲဆိုတာကိုဖော်ပြချင်ပါတယ်။ Liquid and Cream Cleanser များဖြစ်ကြတဲ့ Cleansing Milk, Cleansing Lotion Or Gels များကို အသုံးပြုပြီး နူးညံ့လှတဲ့မျက်နှာပြင်ပေါ်က အလှအပကိုဖော်ထုတ်ကြမယ်နော်။ အသားအရ သန့်ရှင်း စေတဲ့ နို့ရည်များ ဂျယ်လ်များမှပါဝင်တဲ့ ဓါတုပစ္စည်းများကြောင့် မျက်နှာပေါ်ရှိအညစ်အကြေးများကို ဖယ်ရှားစေနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် မိက်ကပ်များမလူးခင်မှာ ဖြစ်စေ၊ ပထမဆုံးလိမ်းခြယ် လိုသည့်အခါဖြစ်စေ Cleansing လုပ်သင့်ပါတယ်။ အသုံးပြုရာမှာ ခြောက်သွေ့သော ဂွမ်းစ (သို့) နူးညံ့သောပိတ်စ ပေါ်မှာ အနည်းငယ် စိုစွတ်ရန် (ဖျန်း) သို့ (စွတ်) လိုက်ပါ။ ထို့နောက် မျက်နှာပေါ်သို့ ညင်သာစွာ ပွတ်တိုက်သန့်စင်၍ အနည်းငယ်ခြောက်သည့်အထိ ပြုလုပ်ပေးပါ။ ထို့နောက် ရေကြက်သီးနွေးနွေးလေးဖြင့် မျက်နှာပေါ်သို့ ညင်သာစွာဆေးကြောမှု ပြုလုပ်ပေးပါ။

Step -2 Foundation

ဒုတိယအဆင့်အနေနဲ့ကတော့ မျက်နှာပေါ်တွင် မိတ်ကပ်ခြယ်သ နိုင်ရန် foundation ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ မိန်းကလေးများက foundation ဆိုတာ ဘာလဲလို့မေးချင်ကြပါမယ်။ ဟုတ်ပါပြီ foundation ၂မျိုးရှိပါတယ်။ Applying Foundation ၂မျိုးရှိပါတယ်။ နံပါတ် ၁ အမျိုးအစားက  Perfect Foundation  Shade နဲ့ Pick the Right Formulation for your skin  ဆိုပြီးဖြစ်ပါတယ်။ ယခုခေတ်မှာတော့ foundation နဲ့ပတ်သတ်
လို့ မိန်းကလေးများကိုဆွဲဆောင်မှု ရှိစေရန် နိုင်ငံကျော် Brands များမှ အမျိုးအစားမျိုးစုံ တင်ပြရောင်းချနေကြပြီ ဖြစ်သဖြင့် အမျိုးသမီးများအဖို့ မိမိကြိုက်နှစ်သက်ရာ တစ်ခုခုအား စမ်းသုံးကြည့်စေနိုင်ရန် အခွင့်တလမ်းတစ်ရပ်ပင်ဖြစ် ပါတော့တယ်။


          ဒီလို အမျိုးအစားမျိုးစုံ ကြားထဲမှာ ဘယ်လိုရွေးချယ်ဝယ်ယူသင့်သလဲလို့ ဦးစွာအကြံပြုလိုပါတယ်။ Liquid foundation လို့ခေါ်တဲ့ အရည်ဖြင့် ပြုလုပ်ထားသော အောက်ခံမိတ်ကပ်ရည်တမျိုးကို တိုက်တွန်းလိုပါတယ်။ အသားအရည် ချောမွေ့ခြင်းနှင့် လွယ်ကူစွာ အသုံးပြုလိုသူ မိန်းကလေးများအတွက် သာမက မိတ်ကပ်ချယ်သရန် အချိန်မရှိသော ပျိုမေများ အတွက်လဲ foundation အသုံးပြုပြီး powder (ပေါင်ဒါမှုန့်) လေးများလူးပေးရုံဖြင့် အလွယ်တကူ ပြည့်စုံသောမျက်နှာလေးတစ်ခုရရှိစေနိုင်မှာပင်ဖြစ်သည်။

အခု Foundation အမျိုးအစားတွေအကြောင်းရှင်းပြချင်ပါတယ်။ ပထမတစ်ခုက

1.    Tint Moisturizers ဖြစ်ပါတယ်။ ငယ်ရွယ်တဲ့သူများနဲ့ အသားအရည်ကြည်လင်သူများ အတွက် moisturizers အသုံးပြုနည်းဖြစ်ပါတယ်။ စိုစွတ်တဲ့ moisturizer အနည်းငယ်ကို လက်ချောင်းထိပ်ဖျားနဲ့အနည်းငယ်တို့ယူပြီး မျက်နှာပေါ်သို့ လက်ချောင်းများဖြင့် နှိပ်နယ် apply လုပ်ပေးရုံဖြစ်ပါတယ်။

2.    Liquid Foundation ကတော့ အသားအရည်ခြောက်သွေ့သောမိန်းကလေးများအတွက် ပဲဖြစ်ပါတယ်။ တကယ်လို့ မိမိအသားအရည်က အဆီပြန်တတ်သော အသားအရေ ဖြစ်မည်ဆိုပါက ကိုယ်အသုံးပြုလိုသော မိတ်ကပ်အရည်အမျိုးအစားများမှ (for oily free liquid foundation) ဆိုတဲ့စာသားလေးကိုရှာဝယ်ဖို့မမေ့နဲ့နော်။ Liquid Foundation ရဲ့ အသုံးပြုပုံကတော့ သန့်ရှင်းသော အ၀တ်စ သို့ ဂွမ်းစ လေးများနဲ့တို့ယူ ကာ မျက်နှာပြင် အနှံ့apply လုပ်ရန်ဖြစ်ပါတယ်။

3.    Cream Foundation ဆိုပီး Cream type အားအရွယ်ရောက်သူ မမများနဲ့ အန်တီမမ များအတွက်အကောင်းဆုံးအကြံပြုလိုပါတယ်။ မျက်နှာပြင်စိုစွတ်မှု ခမ်းခြောက်လာပြီ ဖြစ်သော မမများအတွက် Cream foundation အားအသုံးပြုခြင်းဖြင့် ၂၄နာရီအတွင်း စိုပြေမှု အလှတရားများ ဆက်လက်ပိုင်ဆိုင်နိုင်စေပါတယ်။ အသုံးပြုလိုသော Cream အား သန့်စင်သော ရေမြုတ် (သို့) အ၀တ်ပွလေးဖြင့်တို့ယူကာ မိမိမျက်နှာပြင်အရေပြားများ အတွင်းစိမ့်ဝင်စေရန် ညင်သာစွာပွတ်ယူအသုံးပြုရမှာဖြစ်ပါတယ်။

4.    Mousse Foundation ဆိုတာကတော့ ပုံသွင်းလိမ်းယူတဲ့ foundation တမျိုးဖြစ်ပါတယ်။ တနည်းအားဖြင့် အရေပြားဆိုင်ရာဆရာဝန်တစ်ဦးဦး၏ အကြံပြုချက်အရသော်၎င်း၊ အသားအရည် ခြောက်သွေ့လွန်းသူ ဖြစ်ခြင်းကြောင့်၎င်း အသုံးပြုသင့်တဲ့ foundation တမျိုးပဲဖြစ်ပါတယ်။ အသုံးပြုပုံက  မိမိအသုံးပြုလိုသည့် နှစ်သက်ရာတံဆိပ် ၏ liquid or cream အား မျက်နှာပေါ်သို့လက်ဖြင့်အစက်ကလေးများတို့၍ နူးညံ့သောဂွမ်းစလေးများ ဖြင့် ညီညာစေရန်ညင်သာစွာ ပွတ်ယူ အသုံးပြုသင့်ပါတယ်။

5.    Compact Foundation အခု နံပါတ်ငါးမှာပြောပြချင်တဲ့ foundation ကတော့ အလုပ်နောက်ကျနေသူ မိန်းကလေးများ ပေါင်ဒါအလွယ်တကူ လူး၍ အဆင်ပြေစေရန် ပြုလုပ်ထား သော powder foundation ပဲဖြစ်ပါတယ်။ အသုံးပြုပုံက loose powder အသုံးပြုပုံကဲ့သို့ပင် ဖြစ်ပါတယ်။ သူ့ကိုယ်ပိုင် puff လေးနှင့်အသာအယာ တို့ ယူလိမ်းချယ်ရုံပဲဖြစ်ပါတယ်။

6.    Stick Foundation ကသာမာန်အသားအရေပိုင်ဆိုင်သူများ နှင့် အမာရွတ်ထင်ကျန်သူ မိန်းကလေးများအတွက် ရှာဖွေဝယ်ယူသုံးသင့်တဲ့ foundation ပဲဖြစ်ပါတယ်။ နှစ်သက်ရာ အမျိုးအစားကို cream, liquid, powder ပေါ်မူတည်ပြီးအထက်တွင်ဖော်ပြသလို လိမ်းချယ်နိုင်ပါတယ်။

Foundation လိမ်းချယ်ပုံ အသေးစိတ်ကိုတော့ အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။

မျက်နှာပေါ်ရှိမွေးညင်းနုလေးများနှင့် အရေပြား cell လေးများအပေါ်တွင် ဓါတုပစ္စည်းများလိမ်းချယ်သမယ်ဆိုရင် အလွန်ပဲသတိထားသင့်ပါတယ်။ foundation  လိမ်းချယ်ထားခြင်းဖြင့် မျက်နှာအသားရေနူးညံ့မှုကိုတာရှည်စွာထိမ်းသိမ်းထားနိုင်ပါတယ်။

မိမိနှစ်သက်ရာ Liquid , Cream အမျိုးအစားတခုခုမှ အနည်းငယ်လက်ဝါးပေါ်သို့တင်ပြီး မျက်နှာရှိ နေရာအနှံ့သို့ တနေရာပြီးတနေရာ စိတ်ရှည်စွာ ဖြင့် တို့လိမ်းပါ။

ထို့နောက် နူးညံ့သောအ၀တ်စ (သို့) ဂွမ်းစ လေးဖြင့် အသာအယာပွတ်ပြီး လက်ချောင်းကလေးများ ဖြင့် သွေးကြောများရှိနေရာတ၀ိုက်သို့ နှိပ်နယ် လူးပေးနိုင်ပါတယ်။ (ဥပမာ၊ မျက်လုံးအောက်တစ်ဝိုက်နား သို့ ပါးပြင်၊ ပါးစောင်း) စသည်ဖြင့်

ထို့နောက် နှာခေါင်းနှင့် မေးစေ့နှင့် လည်ပင်းတ၀ိုက်လဲ  toner သို့မဟုတ် ရေအနည်းငယ်စွတ်၍ foundation လုပ်ပေးနိုင်ပါတယ်။

Step -3 Concealer

     နံပါတ် ၃ အဆင့်မှာတော့ အသားအရေအစက်အပြောက်များကို ဖုံးကွယ်နိုင်စေရန် concealer အသုံးပြုလိမ်းရန်ဖြစ်ပါတယ်။ Concealers များကိုမည်သည့်အသားအရေပိုင်ရှင်မဆို အသားကာလာမဆိုအသုံးပြုနိုင်ပါတယ်။ သင်ရဲ့မျက်နှာပေါ်ရှိ အစက်အပြောက်ရှိသော နေရာလေးပေါ် တို့ပြီးလိမ်းချယ်ပေးရုံသာဖြစ်ပါတယ်။ Concealer ရဲ့အသုံးဝင်ပုံက မိန်းကလေးများအတွက် ညီညာချောမွေ့သောအသားရေပိုင်ဆိုင်မှုရရှိစေရုံမျှမက ဗီတာမင်များ ပို၍ကြွယ်ဝစေကာ အစက်အပြောက်များသက်သာပျောက်ကင်းစေပါတယ်။ ထို့ကြောင့် ခြောက်ပစ်ကင်းသဲလဲစင်သည့် မျက်နှာပိုင်ရှင်လိုလားသည့် မိန်းကလေးများအဖို့ အသုံးပြု သင့်သည့် မိတ်ကပ်တမျိုးပင်ဖြစ်ပါသည်။

အများအားဖြင့် ထုတ်လုပ်မှုကုမ္ပဏီများမှ Concealers အများစုကို Stick, Tube, Pots and Cream ရယ်လို့ type မျိုးစုံထုတ်လုပ်ကြပါတယ်။ အသုံးပြုရမဲ့ ဧရိယာများက မျက်နှာပေါ်ရှိအစွန်းအထင်းများ၊ အမဲစက်များ၊ အမာရွတ်များ၊ သွေးကြောနုလေးများ၊ နှင့် မျက်လုံးဧရိယာဝိုင်း တစ်လျှောက်တွင် အသားအရေ ညီညာမှုရှိစေရန် လိမ်းချယ်နိုင်ပါသည်။ အသုံးပြုပုံမှာ အထက်တွင်ဖော်ပြထားသော နေရာတ၀ိုက်သို့ apply လုပ်ကာ လက်ညိုးလေးများဖြင့်အသားအတွင်းသို့ စိမ့်ဝင်စေရန် အသာအယာ ပွတ်ယူ၍ ညီညာမှုရှိစေရန် နူးညံ့သော အ၀တ်စအား ရေ အနည်းငယ်စွတ်ကာ ပွတ်ယူပေးရန်ဖြစ်ပါသည်။

   Concealer၀ယ်ယူရာတွင် ဖြစ်စေလိမ်းချယ်ရာသည်ဖြစ်စေ foundation ထက်ဖျော့သော အရောင်ကိုသာ (မိမိအသားအရောင်နှင့် လိုက်ဖက်မှုရှိစေ) ရန်ရွေးချယ်အသုံးပြုသင့်ပါသည်။ထို့ပြင် ပေါင်ဒါချယ်သရာတွင်လဲ အသားရောင်နှင့်အဖျော့ဆုံးဖြစ်သည့်အရောင်ကိုသာ ရွေးချယ်အသုံးပြုပေးပါ။ ဒါမှသာလျှင် အသုံးပြုထားသော Concealer နှင့်ညီညာသော မျက်နှာပြင် ကိုရရှိစေနိုင်မှာဖြစ်ပါတယ်။

Step 4 – eye Shadow
      
   အဆင့်လေးမှာတော့ ပြီးပြည့်စုံသွားတဲ့မျက်နှာလေးတစ်ခုရရှိစေရန် မျက်လုံး အရောင်ချယ်သပေးရန်ဖြစ်ပါတယ်။ Eyeshadow are certainly
eye catching on the entire face  ဟုသတ်မှတ်ကြပါတယ်။ အသုံးပြုပုံကိုတော့


       မျက်လုံး၏အစွန်းနှစ်ဘက်သို့ မိမိလိုချင်သောအရောင် ၏ ကာလာအမြင့်ဆုံးအရောင်ကိုချယ်သပေး ရမှဖြစ်ပါတယ်။ ထို့မှ မျက်ခွံများပေါ်သို့ မိမိချယ်သထားသော ကာလာ၏ အဖျော့ဆုံးအရောင်အား ချယ်သပေးရမှာဖြစ်ပါတယ်။

        မျက်ခုံးများပေါ်သို့ မိမိအသုံးပြုထားသော ကာလာအဖျော့နှင့်အရင့်အား လိုအပ်သလိုရောနှော၍ ချယ်သပေးခြင်းဖြင့် ကြည့်ကောင်းသော မျက်လုံးတစ်စုံ ရရှိစေနိုင်မှာပဲဖြစ်ပါတယ်။ မျက်လုံးအောက်ရစ် ဖော်ရာမှာလဲ smudge လို့ခေါ်တဲ့ လိုင်းသေးသေးလေးအားဆွဲပေးရမှာဖြစ်ပါတယ်။ ဒါကတော့ မျက်ကပ်မှန်တပ်သော မိန်းကလေးများ သို့ mascara အသုံးပြုတတ်သောမိန်းကလေးများ၏ မိမိရွေးချယ်လိုသည့် ထိုကာလာပေါ်လိုက်၍ မျက်ခုံးမွေးခဲတံအားအသုံးပြုကာ ညီညာစွာ ဆွဲပေးရမှာဖြစ်ပါတယ်။ လှပကျော်ကြားဆွဲဆောင်မှုရှိသော မိန်းကလေးများအတွက် မျက်လုံးချယ်သမှု နှင့်အရောင်ရွေးချယ်မှုမှန်ကန်စေရန် အများကြီးလိုအပ်လှပါတယ်။

       ထို့ကြောင့် eyeshadow ကာလာလှပစေရန် ရွေးချယ်မှုအတွက်အကြံပြုပေးလိုက်ပါတယ်။ အဓိကအရောင် များမှာ vanilla, very pale pink, beige, silver Grey စသည့်ဖြင့်ဖြစ်ပါတယ်။ eyeshadow ၀ယ်မယ်ဆိုရင် color box နှစ်ခုအတွင်းမှ ကာလာတူနှစ်ခုတွင် ဖျော့သော အရောင် အား testing လုပ်ကြည့်ရန်လိုအပ်ပါတယ်။ အထက်ဖော်ပြပါအရောင်တစ်ခုခုနှင့် ထပ်ဟပ်သော အရောင်ကိုသာရွေးချယ်ဝယ်ယူစေလိုပါတယ်။ ထို့ပြင်မျက်လုံးဆွဲသော brush များအားအရွယ်အစား လိုက်ဝယ်ယူထားသင့်ပါတယ်။ ထို့ပြင်ခွဲခြားထားသင့်ပါတယ်။ ကာလာရောသွားလျှင်လဲ မိမိရွေးချယ်လိုသော ကာလာ အတိအကျမရနိုင်ပေ။

          Eye Shadow အမျိုးအစားများမှာ Powder Eyeshadow, Cream Shadow, Stick Shadow and Liquid Eyeshadow ဟူ၍ဖြစ်ပါတယ်။ Powder Eye Shadow မှာအများဆုံး Popular ဖြစ်သည့် အမျိုးအစားဖြစ်ပြီး pressed cake ဟုခေါ်သော ကာလာစုံ box များဖြင့်တွေ့နိုင်ပြီး သေးငယ်သော brush ဒါမှမဟုတ် sponge applicator လို့ခေါ်တဲ့ ပန်းချီစုတ်တံ တစ်ခု ပါဝင်ခြင်းကိုတွေ့မြင်နိုင်ပါတယ်။ Cream Shadow မှာတော့ oil based ဖြစ်ကာ စိုစွတ်မှုကြိုက်သူပျိုမေ များအတွက်ရွေးချယ်သင့်သော အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ထို့ပြင် ခြောက်သွေးအသားအရေပိုင်ရှင် များအတွက် ပါအဆင်ပြေသော eyeshadow တစ်ခုဖြစ်ပါတယ်။

stick shadow and Liquid eye shadow

         Stick ပုံစံဖြင့်လာသော eyeshadow မှာ ဖယောင်းအနည်းငယ်ပါဝင်ခြင်းကြောင့် မိတ်ကပ်ဖျက်ရာမှာလွယ်ကူစေနိုင်ပါတယ်။ Liquid shadow အမျိုးအစားကလဲ သေးငယ်သော ပုလင်းများနှင့်အများဆုံးတွေ့ရပြီး အသုံးပြုရလွယ်ကူခြင်းကြောင့် ဈေးကွက်မှာလဲအများဆုံး တွေ့နိုင်ပါတယ်။


Step 5 Applying eye liners

       ပြီးပြည့်စုံတဲ့မျက်လုံးအလှက eye shadow တခုထဲနဲ့မလုံ လောက်ပါဘူး။ Liner လို့ခေါ်တဲ့ မျက်လုံးအရောင်တင်ထားမှုကိုသိသာစေရန် အနားသပ်ထပ်မံညှိဖို့လိုအပ်ပါတယ်။ Liquid eyeliner နဲ့ Pencil Eyeliner နှစ်မျိုးရှိပါတယ်။ Liquid eyeliner ကတော့ အရည်ပုံစံနဲ့လာတာဖြစ်ပြီး brush တစ်ခုတွဲဖက်ပါဝင်တာကြောင့် အသုံးပြုရလွယ်ကူပါတယ်။ smudge လို့ခေါ်တဲ့ လိုင်းအားမျက်လုံးတစ်လျှောက်ပုံဖော်အသုံးပြုနိုင်ပါတယ်။ ထို့ပြင် အလွယ်တကူအိတ်ထဲ ထည့်သယ်ယူသွားနိုင်တာကြောင့် လိုအပ်သလို update လုပ်ယူလို့လဲရနိုင်ပါတယ်။


      Pencil eye liner ကတော့ အရည်နှင့်အသုံးမပြုလိုသူ ပျိုမေတို့အတွက် မျက်လုံးအလှပုံဖော် ရန် ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ခဲတံသုံးလိုတဲ့ပျိုမေများ မျက်လုံးအလှဖော်မယ်ဆိုရင် မျက်လုံး၏အဆုံးဖက်မှ အစဖက်သို့ ဆွဲရန်မမေ့လျော့သင့်ကြောင်း အသိပေးရေးသား လိုက်ပါတယ်။

          အသုံးပြုမယ်ဆိုရင်တော့ မိမိအသားအရောင်နှင့်လိုက်ဖက်သည့်ကာလာကိုရွေးချယ်ပါ (ဥပမာ အသားဖြူသူများအတွက် အနက်ရောင်၊ ညိုသူများအတွက် အစိမ်းရောင်ဖျော့) စသည်ဖြင့်..

Step – 6 Applying eye mascara

       နံပါတ် ၆မှာတော့ မျက်ခွံလေးတွေ အရောင်တောက်ပ ဖို့အတွက် mascara  အသုံးပြုဖို့ပဲဖြစ်ပါတယ်။ မျက်လုံးချယ်သမှုနောက်ဆုံးအဆင့်လဲ ဖြစ်ပါတယ်။ ကိုယ်ရွေးချယ်ထားတဲ့အရောင်ပေါ်မှာ ပိုမိုထင်ရှားစေရန်မျက်တောင်မွှေးများအား လိမ်းချယ်ထားဖို့ လိုအပ်ပါတယ်။


အသုံးပြုပုံကတော့ mascara ဗူးအတွင်းပါဝင်သော brush လေးနှင့် မျက်တောင်မွှေး သို့ မျက်တောင်တုပေါ်သို့ zig-zag ပုံသဏ္ဍန် ညင်သာစွာ ဆွဲရန်ပဲဖြစ်ပါတယ်။ ထို့နောက် မျက်လုံးများ ပေကျံမှုမရှိစေရန် မျက်တောင်မွှေးများ အောက်ဘက်မှညင်သာစွာ အပေါ်သို့ထပ်မံဆွဲယူရန်လိုအပ် ပါတယ်။ ထို့ပြင် mascra ဆွဲနေစဉ်မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ခြင်းမှ ရှောင်ကျဉ်ရန်လိုအပ်ပြီး မျက်ခွံဘက်မှ မျက်တောင်မွှေးသို့ ညီညီညာညာ ဆွဲရန်လိုအပ်ပါတယ်။ ဒါမှလှပသောမျက်ဝန်းပိုင်ရှင် အဖြစ်သို့ရောက်ရှိစေနိုင်မှာဖြစ်ပါတယ်။



 Step 7 Applying Powder

         ကဲမျက်လုံးချယ်သမှုပြီးသွားပြီဆိုရင်တော့ မိတ်ကပ်လိမ်းချယ်မှု မှာအဓိကဖြစ်တဲ့ ပေါင်ဒါအသုံးပြုရမဲ့အဆင့်ဖြစ်ပါတယ်။ ပေါင်ဒါသုံးမယ် ဆိုရင်တော့ အမျိုးအစား ၂မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ loose Powder လို့ခေါ်တဲ့ပေါင်ဒါမှုန့်ငယ်လေးများ နဲ့ Pressed Powder လို့ခေါ်တဲ့ cake form ပုံစံလာတဲ့ (အစိုင်အခဲ) ပေါင်ဒါမျိုးပဲဖြစ်ပါတယ်။ loose powder ရဲ့ type ကတော့ မျက်နှာအသားလေး ပိုမိုချောမွေ့ စေရန်နဲ့ မျက်နှာအသားရေနူးညံ့မှုပိုင်ရှင်များအသုံးပြု ရန်ရွေးချယ်သင့်သလို Pressed Powder အမျိုးအစားကတော့ အဆီပျံတတ်တဲ့ အသားအရေပိုင်ရှင် များ (သို့) အသားအရေပြောင်းလဲတတ်သောအမျိုးသမီးများ၊ နှင့်ကြာရှည်အသုံးပြုလိုသူမိန်းကလေး များအတွက် အဆင်ပြေဆုံးဖြစ်ကြောင်းကိုလဲအသိပေးလိုက်ပါတယ်။


        အမျိုးသမီးအများစုရဲ့ သွားလေရာခရီးဆောင်ပစ္စည်းတစ်ခုထဲမှာ Powder (Cream-puff) များကို အများဆုံးအသုံးဆောင် ပစ္စည်းတစ်ခု အဖြစ်သတ်မှတ်နိုင်ပါတယ်။ တနေ့တာအတွက်ရုံးကိစ္စသွားသော ပျိုမေများသာမက အနီးအနား shopping လုပ်သောအိမ်ရှင်မများလဲ အမြဲတမ်းဆောင်ထားတတ်သော အသုံးဝင်ပစ္စည်လေးပဲဖြစ်ပါတယ်။ ဘယ်လိုပဲ အလှပြင်ပြင် ချွေးထွက်လို့အလှပျက်မှာစိုးရိမ်တတ်သူ တို့အဖို့ အသုံးဝင်လှတဲ့ powder (Cream-puff) ဆောင်ထားခြင်းဖြင့် အလှမပျက်ပဲတနေ့တာ ပျော်ရွှင်စေနိုင်မှာ ဖြစ်ပါတယ်။

 Step 8- Applying Blush

        (အခုနောက်တခုက ပန်းနီလေးတွေချယ်ကြမယ်နော် ။အသားအရေ အမျိုးအစား နဲ့ မျက်လုံးအရောင် အပြင် မိမိရွေးချယ်မဲ့နှုတ်ခမ်းနီ ကာလာတုန်းပေါ် လိုက်ပြီး ပန်းနီအမျိုးအစားကိုရွေးချယ်သင့်ပါတယ်။) ထို့နောက် မိမိမျက်နှာ shade ပေါ်မူတည်ပြီး oval, heart, round, long or square ပေါ်မူတည်ပြီး ချယ်သရမှာဖြစ်ပါတယ်။ မိမိရွေးချယ်သော အရောင်အား brush နှင့်တို့ယူပြီး ပါးရိုးမှပါးပြင် ထို့နောက် ဆံပင်အနားသပ်အထိ အသာအယာ ပွတ်ယူလိမ်းခြယ်ပေးရုံဖြစ်ပါတယ် ။အရောင် အနုနှင့် အရင့် နှစ်မျိုးပေါင်းစပ်ဖို့တော့လိုအပ်ပါတယ်။ ပါးရိုးဘက်မှ အရောင်ဖျော့အားလိမ်းခြယ်၍ ပါးပြင်ပိုင်းကို ရွေးချယ်ထားသော color အရင့်အား လိမ်းချယ်ပေးရမှာဖြစ်ပါတယ်။  ပါးနီ အမျိုးအစား မှာလဲ ၂မျိုးရှိပါတယ်။ Powder Blush နဲ့ Cream Blush ဆိုပြီးဖြစ်ပါတယ်။ Powder Blush ကတော့ မျက်နှာပေါ်ရှိ ပေါင်ဒါ လိမ်းခြယ်ပြီးတာနဲ့ လိမ်းချယ် ရမှာဖြစ်ပြီး Cream Blush ကတော့ Powder မလူးခင်ကြိုတင် လိမ်းချယ်ရမှာဖြစ်ပါတယ်။ ထို့ကြောင့် မျက်နှာပေါ်ရှိ အစက်အပြောက်လေးများရှိသော ပျိုမေများ သည် Cream Blush အမျိုးအစား ပါးနီမျိုးကို ရွေးချယ်သုံးသင့်ပါတယ်။ ထိုသို့ အသုံးပြုရာမှာ အစက်အပြောက်လေးများအပေါ် လက်ညိုးလေးနှင့် အသာအယာတို့ယူကာ ဖုံးအုပ်သည်အထိ လူးပေးနိုင်ပါတယ်။ ထို့နောက်မှ powder အားခပ်ဖွဖွလေးလိမ်းပေးခြင်းဖြင့် အဆင်ပြေစေနိုင်ပါတယ်။


step -9 Applying lipstick
          (နှုတ်ခမ်းအရောင်ပေါ်လွင်မှုက နောက်ဆုံးပြီးပြည့်စုံတဲ့မျက်နှာ ပိုင်ရှင်ဖြစ်ဖို့ နှုတ်ခမ်းသား အလှအပပဲဖြစ်ပါတယ်။ နှုတ်ခမ်းနီများကို လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀လောက် ထဲက အမျိုးသမီးအသုံးအဆောင်အလှပြင်ပစ္စည်းအဖြစ် သတ်မှတ်ထားသည်ကို စာအုပ်များတွင် တွေ့ရှိနိုင်ပါတယ်။ နှုတ်ခမ်းနီများကိုလဲ မိမိ၏အသားအရေကာလာပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်။ အသားဖြူတဲ့လူများအတွက် ကာလာအရင့်ကိုရွေးချယ်သင့်ပြီး အသားညိုညိုပိုင်ဆိုင်တဲ့ မိန်းကလေးအတွက်တော့ bright color (လင်းသောအရောင်)ကိုရွေးချယ် သော်လည်း ပန်းရောင်အနုကိုတော့ ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ အသားအရေပုံမှန်ပိုင်ဆိုင်သူများ အနေနဲ့မိမိရွေးချယ်ထားသောအရောင်၏ paler and dull (အရောင်မှိန်သော၊မထင်ရှားသော) အနုဆုံး အရောင်ကိုရွေးချယ်နိုင်ပါတယ်။ (ဥပမာ ပန်းရောင်နှစ်သက်သောသူအဖို့ ပန်းရောင်အနု) စသည်ဖြင့်မိမိ skin color tone ကိုသာအဓိကထားချယ်သသင့်ပါတယ်။


          အသုံးပြုရန်မှာ နူးညံ့ချောမွေ့ပြီး စွတ်စိုမှုရှိသော အမျိုးအစား moisturizer ပါဝင်သော lipstick ကို ဦးစွာရွေးချယ်ဝယ်ယူပါ။ မိမိနှုတ်ခမ်း စိုစွတ်မှုရှိစေရန် အတွက် အရောင်တင်ဆီ lipstick အမျိုးအစား ကိုပထမဆုံး apply လုပ်ပါ။ နှုတ်ခမ်းပုံဖော်လိုသူမိန်းကလေးများအတွက် မိမိရွေးချယ်ထားသော အရောင်၏ လိုက်ဖက်သည့်အရောင်ကို ခဲတံဖြင့်ဦးစွာပုံဖော်ပေးပါ ။သတိပြုရမှာက အောက် နှုတ်ခမ်းသားကို အရင် ပုံဖော် ရမှာဖြစ်ပါတယ်။ ထို့နောက် အပေါ်နှုတ်ခမ်းသို့မိမိဖော်ယူလိုသည့် ပုံသဏ္ဍန် (shade) ကိုပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ထို့နောက် lip-brush ကိုအသုံးပြုကာ အတွင်းပိုင်းသို့ မိမိရွေးချယ်ထားသည့်နှုတ်ခမ်းနီအရောင် ဆိုးရန်ဖြစ်ပါသည်။ ညီညာမှုရှိစေရန် ပါးစပ် ကျယ်ကျယ်ဟထားပေးရန်လိုအပ်ပါတယ်။ ထိုမှသာ နှုတ်ခမ်းသား တင်း၍ လိုအပ်သလို brush ကိုအသုံးပြုကာညှိယူနိုင်မည်ဖြစ်ပြီး တစ်ရှုး လေးများနှင့် အနားသပ်ညီရန် ပြုလုပ်ပေးဖို့လဲ လိုအပ်ပါတယ်။ ထို့နောက် နှုတ်ခမ်းသားစိုစိုကြိုက်တတ်သော ပျိုမေများ gloss (အဆီ) ထပ်မံဆိုးပေးခြင်းဖြင့် တောက်ပသောနှုတ်ခမ်းနှင့် ထင်ရှားလှပနိုင်စေနိုင်မှာပါ

          အခုဆိုရင်ဘယ်လိုမိတ်ကပ်လိမ်းချယ်ရမယ်ဆိုတဲ့ အဆင့်တွေကိုသိလောက်ပြီထင်ပါတယ်။ ပုံမှန် အပြင်သွားခြင်း၊ ညဘက် dinner သွားခြင်းအတွက်အဆင်ပြေလောက်ပြီလို့မျှော်လင့်ပါတယ်။